။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ခေတ်ကာလက အပြစ်ကျူးလွန်သူ များကြသည်။။ အပြစ်ကို အပြစ်ပါလို့ မသိကြ။ မမြင်ကြတော့။။ ပို၍မွေ့ပျော်နေကြ၏။။ အပြန်ပြန်အထပ်ထပ် မှားနေကြသည်။။ အမှားဟူ၍မသိကြ။။ မိုက်မဲမှုလည်း ကမ်းကုန်နေကြသည်။။ အကျင့်ကောင်းသည်ကိုလည်း အလေးမစိုက်ကြ။။ သူသူငါငါ အရှက်မဲ့နေကြသည်။။ ရိုသေခြင်း ဂါရဝတရား မထားကြတော့။။ ကျေးဇူးကန်းနေကြသည်။။ တရားအမှန်ကို မသိ၍မတရားများဖြင့် စွပ်စွဲပြောဆိုနေကြသည်။။ အပြစ်ကို မကြောက်တတ်ဘဲ အပြစ်ကို ကိုးကွယ်နေကြသည်။။ ကောင်းမှုဒါနပြုရာလည်း အကျိုးတောင့်တမှု မှားနေကြသည်။။ မြင့်မြတ်သည့်အဆုံးအမကိုလည်း လက်မခံကြ။။ အသိပညာဉာဏ်တရားများ လျော့ပါးနေကြပြီ။။ လိမ်မာဖို့သာ စိတ်ကိုပြုပြင်သင့်လေသည်။ တောင်ကလေးဆရာတော်(၅ – ၂ – ၂၀၁၆ ရက်နေ့။)